ဒီနေ့ခေတ်မှာ အသားဖြူဆေးတွေဟာ အရှေ့တောင်အာရှ လူငယ်တွေကြားမှာ တော်တော်ရေပန်းစား လူကြိုက်များလာပါတယ်။ စစ်တမ်းတွေအရ ဖိလစ်ပိုင်သူတွေဟာ အရှေ့တောင်အာရှမှာ အသားဖြူဆေးအသုံးများဆုံးလူမျိုးတွေ ဖြစ်ကြတယ်။ ထိုင်းနိုင်ငံမှာလည်း ခေတ်စားတယ်။ အခုနောက်ဆုံး မြန်မာနိုင်ငံမှာလည်း သုံးစွဲသူ တော်တော်လေးကို များပြားလာပါတယ်။
Beauty and Cosmetic
Dr. Aye Min Htoo
Wednesday, August 9, 2017
Friday, May 19, 2017
body lotion ဘယ်လို ရွေးချယ်မလဲ

ဆံပင်ကျွတ်တတ်သူများဖတ်ဖို့

Thursday, May 18, 2017
လေ့ကျင့်ခန်းမလိုဘဲ ဗိုက်အဆီချနည်း

ဝိတ်ချရာမှာအသုံးဝင်တဲ့ အသက်ရှု လေ့ကျင့်ခန်း
ဝက်ခြံကင်းစင်ချင်သလား ဒါတွေရှောင်ပါ
(၁) မျက်နှာကို အလွန်အကျွံသန့်ရှင်းခြင်း
တကယ်တော့ ဝက်ခြံဆိုတာ မျက်နှာသန့်ရှင်းမှုအားနည်းလို့ချည်း ဖြစိတာမျိုးမဟုတ်ဘူး။ တခြားအကြောင်းအရာတွေ ပါဝင်နေမယ်။မျက်နှာ အလွန်အကျွံသန့်ရှင်းတာ၊ scrubbing လုပ်တာတွေက တခါတရံ ဝက်ခြံကို ပိုဆိုးစေတယ်။ မျက်နှာမှာ ပုံမှန်အားဖြင့်ကို အဆီလွှာတထပ်ကာထားတယ်။ အဆိုပါအဆီလွှာက အစိုဓာတ်ကို ထိန်းပေးနေမယ်။ မျက်နှာသစ်လွန်းတဲ့အခါ အဆီလွှာမရှိတော့ဘဲ ဝက်ခြံ ပိုထွက်လာစေတယ်။ ပုံမှန်အားဖြင့် တရက်ကို မျက်နှာ နှစ်ကြိမ်ထက်ပိုမသစ်သင့်သလို scrubbing လုပ်တာလည်း တပတ်ကို နှစ်ကြိမ်ထက် ပိုမလုပ်သင့်ပါဘူး။
ဝက်ခြံအဆီဖုတွေ ပျောက်ကင်းအောင်
ဒီရက်ပိုင်း မျက်နှာအဆီဖုလေးတွေ လာပြတဲ့မိန်းကလေးတွေ များတယ်။ ပုံမှန်အားဖြင့် အဆီဖုလေးတွေဟာ အဆီဂလင်းများလို့ (သို့) အဆီဂလင်းတွေကျယ်သူတွေမှာ ပိုတွေ့ရတယ်။ တကယ်တော့ အဆီဂလင်းဆိုတာ အလွန်သေးငယ်တယ်။ မျက်စိနဲ့ မမြင်ရဘူး၊ ဒါပေမယ့် အဆီအိတ်မှာ ဖုန်၊ပိုးမွှား၊ဆဲလ်သေ စတာတွေနဲ့ ပေါင်းစပ်ရင် အဆီဖုလေးတွေဖြစ်လာလိမ့်မယ်။ အဆီဖုလေးတွေက ဝက်ခြံလို ရဲမနေဘူး။ အဖြူရောင်ရှိတယ်။ ဆဲလ်သေတွေပါနေတာမို့ နည်းနည်းမာနိုင်တယ်။ အရွယ်အစားက ၁-၃မီလီမီတာလောက်သာ ရှိတယ်။ အစုလိုက်ဖြစ်တာထက် ဟိုနေရာတကွက် ဒီနေရာတကွက် ဖြစ်တာများတယ်။
ဆားဝက်ခြံပျောက်နည်း

ဆားဝက်ခြံတိုင်းဟာ မွှေးညင်းပေါက်ပိတ်ဆို့ရာ က ဖြစ်လာပါတယ်။ မွှေးညင်းပေါက်တွေက မွှေးညင်းနုထွက်တာ လူတိုင်းသိတယ်။ သို့သော် မွှေးညင်းပေါက်နဲ့ ဆက်သွယ်ထားတဲ့ ဂလင်းတခု ရှ်သေးတယ်။ အဆီဂလင်း(sebaceous gland)လို့ ခေါ်ပါတယ်။ အဆီဂလင်းရဲ့ တာဝန်က
ငါးရက်အတွင်း အသားဖြူနည်း
အသားဖြူနည်းအမျိုးမျိုးရှိပါတယ်။ ဒီနည်းက (၅)ရက်အတွင်း ထူခြားမယ့်နည်း ဖြစ်တယ်။ ဒီထဲမှာ နှင်းဆီရည်နဲ့ စန္ဒာကူးမှုန့်ကတော့ ရှာရခက်နိုင်တယ်။ စန္ဒာကူးမှုန့်((sandalwood powder)ကို ပရဆေးဆိုင်တွေမှာ ရရှိနိုင်ပြီး နှငိးဆီရည်(rose water) ကတော့ cosmetic ရောင်းတဲ့ ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်တယ်။ ရှားစောင်းလက်ပပ်နှစ်ကတော့ ဆိုင်တွေမှာ ရနိုင်ပေမယ့် သိပ်မကောင်းဘူး၊ အပင်ကရတဲ့ အတွင်းအနှစ်သားကို သုံးနိုင်ရင် အကောင်းဆုံးဖြစ်တယ်။ ဒီနည်းနဲ့ အသားဖြူအောင် လုပ်မယ်ဆိုရင် ပစ္စည်း (၅)မျိုး လိုတယ်။
ခေတ်စားလာသည့် DD cream နဲ့ EE cream

ပျိုမေတို့အကြိုက် BB cream နဲ့ CC cream

Skin care အခြေခံအချက်များ
moisturizer အစိုဓာတ်ထိန်းဆေး သုံးနည်း

အစိုဓာတ်လိမ်းဆေးတွေက gel , lotion , cream ပုံစံအမျိုးမျိုးနဲ့လာတယ်။ သို့သော် အဆီပြန်တဲ့အသားအရေမှာ lotion နဲ့ cream အမျိုးအစားကို မသုံးသင့်ဘူး။ အဲဒီနေရာမှာ gel သို့မဟုတ် light lotion ကိုသာ သုံးသင့်တယ်။ icone ပါတာတွေက အဆီဓာတ်အခြေခံတွေဖြစ်လို့ အဆီပြန်သူတွေနဲ့ မတဲ့ပါဘူး။ water based ကိုသာ အသုံးပြုသင့်ပါတယ်။
Subscribe to:
Posts (Atom)