Wednesday, May 17, 2017

အမာရွတ်အတွက် အကောင်းဆုံးနည်း


ဝက်ခြံ၊အမာရွတ်၊အမဲစက်တွေကို ပဉ္စလက်ဆန်ဆန် ဖယ်ရှားပေးမယ့် နည်းဖြစ်တယ်။magic face mask လို့ ခေါ်ရင်လည်း မမှားပါ။ ဘာ့ကြောင့်လဲဆိုတော့ face mask အမျိုးမျိုး ရှိတဲ့အနက် ဒီနည်းက ထိရောက်လို့ဖြစ်ပါတယ်။ 


ဘာတွေလိုလဲ
ပျားရည် - လက်ဖက်ရည်(၁)ဇွန်း
ရှောက်ရည် - လက်ဖက်ရည်(၁)ဇွန်း
သစ်ဂျပိုးမှုန့် - လက်ဖက်ရည် ဇွန်းတဝက်စာ
ဇာတိပ္ဖိုလ်သီးမှုန့် - လက်ဖက်ရည် ဇွန်းတဝက်စာ


အထက်ပါပစ္စည်းလေးမျိုးကို ရောပြီး သန့်စင်တဲ့ ခွက်တခုထဲ ထည့်ပါ။ ပြီးရင် မျက်နှာ၊ လည်ပင်းအနှံ့  လိမ်းပါ။ လုပ်စမှာ စပ်ဖျဉ်းဖျဉ်းနဲ့ ခံစားချက်မျိုး ရှိနိုင်တယ်။သစ်ဂျပိုးမှုန့်နဲ့ ဇာတိပ္ဖိုလ်သီးကြောင့် ဖြစ်တယ်။ မိနစ်ပိုင်းအတွင်း အဆိုပါခံစားချကိတွေ ပျောက်ကွယ်သွားလိမ့်မယ်။ မျကိနှာမှာ မိနစ်(၂၀)ခန့် ထားပါ။ ပြီးရင် ရေနွေးနဲ့ မျက်နှာပြန်သစ်ပါ။ခြောက်အောင်ထားပြီးရင် moisturizer တမျိုးမျိုးထပ်လိမ်းပါ။ တပတ်ကို နှစ်ကြိမ်ထိလုပ်လို့ရတယ်။ နေ့စဉ်မလုပ်ပါနဲ့။ တလအတွင်း သိသာထင်ရှားတဲ့ ပဉ္စလက်ဆန်ဆန် ပြောင်းလဲမှုကို တွေ့ရှိရမှာ ဖြစ်ပါတယ်။

ဒေါက်တာ အေးမင်းထူး
၁၄.၁၀.၁၆

No comments:

Post a Comment