ပန်းသီးရှာလကာရည်က အရေပြား pH ကို ထိန်းပေးတယ်။ လူ့အရေပြားဟာ အက်ဆစ်ဖကိကဲတယ်။pH 5.5 လောက်ရှိမယ်။ ဒီထက်နည်းတာ၊များတာတွေက ဝက်ခြံပေါကိဖို့ အားပေးတယ်။ ဥပမာ ဆပ်ပြာက အယ်ကာလီဖြစ်တယ်။ဆပ်ပြာသုံးတာများရင် ဝက်ခြံပေါက်လွယ်တယ်။ ရှာလကာရည်ရဲ့ အားသာချက်က ဗက်တီးရီးယားပေါက်ဖွားမှုကို့ ကာကွယ်နိုင်တာဖြစိတယ်။ ပန်းသီးရှာလကာရည်ရွေးတဲ့အခါ အကြည်ထက် အနောက်ကိုသာ ရွေးချယ်ရမယ်။ bragg တံဆိပ်က အကောငိးဆုံးဖြစ်တယ်။
ပြုလုပ်နည်း
လက်ဖက်စိမ်းရည်(green tea). - ခွက် လေးပုံသုံးပုံ
ပန်းသီးရှာလကာရည်(Apple cider vinegar) - ခွက် လေးပုံတပုံ
လက်ဖက်စိမ်းအထုပ်ကို ရေနွေးနဲ့ စိမ်ပြီး နာရီဝက်ထားပါ။ ရေနွေးကို ခွက်ရဲ့ လေးပုံသုံးပုံ ထည့်ရမယ်။ (ခွက်သေးတာကိုသာ သုံးပါ)ပြီးရင် ပန်းသီးရှာလကာရည် ခွက် လေးပုံတပုံနဲ့ရောပြီး သန့်စင်တဲ့ အဖုံးပိတ်ခွက်တခုထဲ ထည့်ပါ။ မျက်နှာမှာ တိုနာအနေနဲ့သုံးရင် ဂွမ်းစနဲ့ယူပြီး လိမ်းရမယ်။ တချို့က ရှောက်ရည်၊ ရှားစောင်းလက်ပပ်၊ လာဗင်ဒါဆီစတာတွေနဲ့ ရောသုံးကြတယ်။ သိမ်းဆည်းတဲ့အခါ ရေခဲသေတ္တာထဲ သိမ်းဆည်းရမယ်။တခါလုပ်ပြီးရင် (၂) ပတ်ထိ အထားခံတယ်။ မျက်နှာသစ်ပြီးတိုင်း သုံးစွဲခြင်းအားဖြင့် ဝက်ခြံကို တပတ်အတွင်း သိသိသာသာ ပျောက်ကင်းစေမှာဖြစ်တယ်။
ဒေါက်တာ အေးမင်းထူး
၁၈.၅.၁၇
No comments:
Post a Comment