ဒီနေ့ခေတ်မှာ အသားဖြူဆေးတွေဟာ အရှေ့တောင်အာရှ လူငယ်တွေကြားမှာ တော်တော်ရေပန်းစား လူကြိုက်များလာပါတယ်။ စစ်တမ်းတွေအရ ဖိလစ်ပိုင်သူတွေဟာ အရှေ့တောင်အာရှမှာ အသားဖြူဆေးအသုံးများဆုံးလူမျိုးတွေ ဖြစ်ကြတယ်။ ထိုင်းနိုင်ငံမှာလည်း ခေတ်စားတယ်။ အခုနောက်ဆုံး မြန်မာနိုင်ငံမှာလည်း သုံးစွဲသူ တော်တော်လေးကို များပြားလာပါတယ်။