Thursday, May 18, 2017

ငါးရက်အတွင်း အသားဖြူနည်း

အသားဖြူနည်းအမျိုးမျိုးရှိပါတယ်။ ဒီနည်းက (၅)ရက်အတွင်း ထူခြားမယ့်နည်း ဖြစ်တယ်။ ဒီထဲမှာ နှင်းဆီရည်နဲ့ စန္ဒာကူးမှုန့်ကတော့ ရှာရခက်နိုင်တယ်။ စန္ဒာကူးမှုန့်((sandalwood powder)ကို ပရဆေးဆိုင်တွေမှာ ရရှိနိုင်ပြီး နှငိးဆီရည်(rose water) ကတော့ cosmetic ရောင်းတဲ့ ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်တယ်။ ရှားစောင်းလက်ပပ်နှစ်ကတော့ ဆိုင်တွေမှာ ရနိုင်ပေမယ့် သိပ်မကောင်းဘူး၊ အပင်ကရတဲ့ အတွင်းအနှစ်သားကို သုံးနိုင်ရင် အကောင်းဆုံးဖြစ်တယ်။ ဒီနည်းနဲ့ အသားဖြူအောင် လုပ်မယ်ဆိုရင် ပစ္စည်း (၅)မျိုး လိုတယ်။ 


နှင်းဆီရည်               - တမင်းစားဇွန်း (၁)ဇွန်း
ရှောက်ရည်                - တမင်းစားဇွန်း (၁)ဇွန်း
စန္ဒကူးမှုန့်                   - တမင်းစားဇွန်း (၁)ဇွန်း
သံလွင်ဆီ                   -  လက်ဖက်ရည်ဇွန်း (၂)ဇွန်း
ရှားစောင်းလက်ပပ်နှစ် - လက်ဖက်ရည် (၂)ဇွန်း

အရင်ဆုံး နှင်းဆီရည်နဲ့ ရှောက်သီးရည်ကို ရောပါ။ ပြီးရင် စန္ဒကူးမှုန့် ထပ်ထည့်ပါ။  ပိတ်ပါးစ အဝတ်တခု ရှာပြီး မလိုတဲ့ အရည်တွေ စစ်ထုတ်ရင် အနှစ်ရလာလိမ့်မယ်။ ရလာတဲ့ အနှစ်ကို သံလွင်ဆီနဲ့ ရှားစောင်းလက်ပပ်နှစ် နှစ်မျိုး ရောပြီး မွှေပါ။ paste ရလာလိမ့်မယ်။ ဒီpasteကို လေလုံတဲ့ အဖုံးပိတ်ခွက်ထဲ ထည့်ထားပါ။ ညစဉ် အိပ်ခါနီးတိုင်း အဆိုပါအရောကို ငါးမိနစ်ကြာ စက်ဝိုင်းပုံ လိမ်းပါ။ မနက်ကျမှ ရေနဲ့ပြန်သစ်ပါ။ ၄-၅ရက်လိမ်းရုံနဲ့ သိသာတဲ့ ထူးခြားတဲ့ ပြောင်းလဲမှုကို တွေ့ရှိနိုင်ပါတယ်။ 

ဒေါက်တာ အေးမင်းထူး
၂၃.၄.၁၇

No comments:

Post a Comment